CV / Resume တွေရေးကြရာဝယ်

Crafting Effective Programmer CVs: Insights from a Senior

Myo Win Thein
3 min readAug 31, 2023

Intro

ကိုယ်တိုင်လည်း developer တစ်ယောက်အနေနဲ့ အလုပ်တွေလျှောက်ခဲ့သလို လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီမှာလည်း recruit ပိုင်းတာဝန်ယူပိုင်းတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး developers တွေအနေနဲ့ CV/Resume ရေးတဲ့အခါ သတိထားစရာ၊ ဆင်ခြင်စရာလေးတွေကို ရေးပေးချင်ပါတယ်။

Online မှာ ရှာရင်တော့ Resume ဆိုတာ အကြောင်းအရာအကုန်လုံးကို ၁မျက်နှာတည်းနဲ့ အကျဥ်းချုံးရေးထားတာဖြစ်ပြီး CV ဆိုတာကတော့ ၂ — ၃ မျက်နှာခန့် အသေးစိတ် ရေးထားတာလို့ တွေ့ရလိမ့်မယ်။ ကုမ္ပဏီတွေအနေနဲ့လည်း အဆင်ပြေသလိုပဲ သုံးနှုန်းနေတာမို့ သိပ်တော့လည်း အရေးမကြီးပါဘူး။

1. Personal & Contact Info

  • နာမည်မူရင်းကို အမြဲတမ်း English လိုပဲရေး (ကိုယ်နားမလည်တဲ့ Language နဲ့ CV တက်လာတဲ့အခါ Recruiter အနေနဲ့ ကျော်သွားဖို့ များတယ်)
  • ကိုယ်လျှောက်တာ Overseas Company ဆို English Nickname ကို ကွင်းစကွင်းပိတ်နဲ့ ထည့်ပေး (နာမည်ဖတ်ရ ခေါ်ရလွယ်တော့ CV ဆက်ဖတ်ဖို့ ပိုများ)
  • အီးမေးလ်ကတော့ အသက်ပဲ၊ အများစုက အဲဒါနဲ့ပဲ ဆက်သွယ်ကြတာ။ အကြံပေးချင်တာက အလုပ်ရှာဖို့သက်သက် ProtonMail လိုမျိုးမှာ အကောင့်တစ်ခုဖွင့်ထား။ အဲဒါမှ Notification တက်တိုင်း ထင်ရှားနေမှာ။
  • ဖုန်းနံပါတ်ကတော့ မထည့်လည်းရတယ်။ ဒါပေမယ့် ကိုယ်ကသက်ဆိုင်ရာ နိုင်ငံကိုရောက်နေပြီးသားဆို ထည့်တာက ပိုစိတ်ဝင်စားခံရလိမ့်တယ်။
  • လိပ်စာကတော့ Remote or Overseas Company ကို ကိုယ့်နိုင်ငံက လှမ်းလျှောက်တာမျိုးဆိုရင်တော့ မလိုဘူး။ ရောက်နှင့်နေပြီးသားဆို ထည့်။
  • နောက်ဆုံးကတော့ Career Summary ကို အများဆုံး ၅ — ၆ လိုင်းလောက်ရေးပေါ့။ ကိုယ်ဟာဘယ်လိုလူမျိုးပါဆိုတာ အကြမ်းဖျင်းမိတ်ဆက်တဲ့ သဘောပဲ။

2. Education Info

  • Degree ကတော့ ကိုယ့်ဘာသာ ဘယ်လောက်တော်တော် ကိုယ့်အလုပ်လျှောက်မယ့် နိုင်ငံရဲ့အစိုးရကကြည့်တယ်။ ခုဆို ကိုယ်ရဲ့ Career နဲ့ သက်ဆိုင်တဲ့ Bachelor မှ မရရင် Work Permit မပေးဘူးဆိုပြီး လုပ်လာကြပြီ။
  • Digital Agencies တွေဆိုလည်း အလုပ်လာအပ်တဲ့ Client ကလည်း Dev Team Profile ကို တောင်းကြည့်တယ်။ အောက်ထစ် Bachelor လောက်ရှိမှ သူတို့လည်း အလုပ်အပ်ချင်တာ။
  • IT ဘွဲ့သေချာမရှိလည်း ကိုယ်ဘယ်လောက်တော်ကြောင်း တက်ကြောင်းပြနိုင်ရင် အလုပ်ရတယ်ဆိုတဲ့ ခေတ်ကြီးက တစ်ဖြည်းဖြည်းကုန်လာပြီဆိုတာ သတိချပ်စေချင်ပါတယ်။

3. Course Info

  • ကိုယ်တက်ခဲ့တဲ့ သင်တန်းကျောင်းနာမည်၊ ဘာသင်ခဲ့လည်းဆိုတာနဲ့ အတန်းပြီးတဲ့ လနဲ့နှစ်လောက် ထည့်ပေးလိုက်ရင်ရပြီ။
  • AutoCAD တို့ဘာတို့လို မလိုတဲ့ဟာတွေတော့ ဖြုတ်ပေါ့။ Technical Lead အနေနဲ့ လုပ်နေတာမျိုးဆို Leadership အတန်းတွေပါ ထပ်ထည့်လို့ရတယ်။

4. Certificate Info

  • ဒီမှာကျတော့ Microsoft, AWS, Laravel, Vue, MySQL စတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီမှာ စာမေးပွဲကြေးသွင်းပြီး ဖြေလို့ရခဲ့တဲ့ Certificate တွေကို ထည့်သင့်တယ်။ ဒီလူက ဒီ Skill ကို တကယ်တက်မြောက်ကြောင်း အာမခံပေးထားတဲ့လက်မှတ်တွေပေါ့။
  • Education, Course & Certificate sections တွေက ဆင်တာမို့ ပေါင်းမလား ခွဲမလားဆိုတာကတော့ ကိုယ့်အပေါ်မှာ မူတည်ပါတယ်။

5. Career Experience Info

  • Company name, location (city, country) အပြင် ဘယ်ကနေ ဘယ်အထိ ဘာရာထူးနဲ့လုပ်ခဲ့တယ်ဆိုတာကို အတိအကျရေး။
  • အောက်ဆုံးမှာတော့ responsibilities & achievement ကို bullet points ၄ — ၅ခုစာ၊ တစ်ခုကို အများဆုံး၂ကြောင်းလောက် လိုရင်းတိုရှင်း မျှရေးပေါ့။
  • Career break ၆လနဲ့ အထက်ရှိခဲ့ရင် duration အတိအကျကို reason လေးရေးပြီး ထည့်ပေးတာကောင်းတယ်။ ကိုယ်မထည့်လည်း သူတို့မျက်လုံးတွေက မြင်တာမို့ positive ဖြစ်တဲ့ reason မျိုး ရေးထားတာ ပိုကောင်းမှာပါ။
  • အခုမှ အလုပ်စရှာမယ့်သူဆို OJT/Internship ဆင်းဖူးတာအပြင် ကျောင်းချိန်ပြင်ပမှာ Part Time လုပ်ဖူးတာတွေ ထည့်လို့ရတယ်။

6. Project Info

  • ဖြစ်နိုင်ရင် Portfolios ဆိုပြီး တစ်ဖိုင်သက်သက်ရေးတာ ကောင်းမယ်။ စိတ်ကြိုက်ချဲ့ရေးလို့ရတဲ့အတွက် ကိုယ့် CV က အရှည်ကြီး ဖြစ်မနေတော့ဘူး။ တစ်ချို့ကုမ္ပဏီတွေကလည်း အဲဒါသီးသန့်ကို upload တင်ခိုင်းကြလို့။
  • Highlight Projects တွေကိုမှ title, description, type, tech stack, roles & responsibilities, live URL & screenshots တွေနဲ့ ပြည့်ပြည့်စုံစုံရေးသင့်တယ်။
  • ခုမှ အလုပ်စရှာမယ့်သူဆို ကိုယ့်သင်တန်း၊ Hackathon နဲ့ အားလပ်ချိန်မှာ ရေးခဲ့တဲ့ Projects တွေထည့်လို့ရတယ်။

7. Skill Info

  • ကိုယ်ဆီက Skill Sets တွေအကုန်လုံးကို Backend, Frontend, CMS, DevOps စသည် ခေါင်းစဥ်ခွဲပြီး ရေးသင့်တယ်။
  • Project listing က tech stack နဲ့ ဒီက skill sets တွေ match ဖြစ်နေရင် အကောင်းဆုံးပဲ။ ဒီလူက ဒီဟာတွေကို တကယ်တက်ပြီး လက်တွေ့မှာအသုံးချခဲ့တယ်ဆိုတဲ့ အကောင်းဆုံးသက်သေပေါ့။
  • Photoshop, Video Editing လို မသက်ဆိုင်တဲ့ဟာတွေ ဖြုတ်။ မျက်စိနောက်တာပဲ အဖတ်တင်မယ်၊ လက်တွေ့မှာ သူတို့လည်းအဲဒါတွေလာမခိုင်းဘူး။

8. Link Info

  • ဒီနေရာမှာ Cover Letter, Portfolios, LinkedIn, GitHub, Medium, Personal Website စသည် link ပေါင်းစုံလာထည့်ပေးတာ ကောင်းတယ်။

9. Achievement Info

  • Hackathon နဲ့ တစ်ခြားပြိုင်ပွဲပေါင်းစုံမှာ ဝင်ပြိုင်ပြီး ဆုရခဲ့ဖူးတာတွေ ဒီမှာလာပြလို့ရတယ်။ ကိုယ်ရေးဖူးတဲ့ Company Projects တွေက International or Local မှာ Award တစ်ခုခုရခဲ့ရင်လည်း ဒီမှာလာပြလို့ရတယ်။
  • ပြီးတော့ Mentorship လုပ်ခဲ့ဖူးတာ၊ BarCamp/DevCom တွေမှာ Volunteer လုပ်ခဲ့ဖူးတာ၊ စာအုပ်ထုတ်ဖူးတာ၊ Tech Podcast လုပ်ခဲ့တာစသည် IT Industry အတွက် Contribute လုပ်ခဲ့ဖူးတာ အကုန်ထည့်လို့ရတယ်။
  • ကိုယ်တော်လို့ရခဲ့တာမှန်သမျှ ရှက်မနေပဲ အကုန်ကြွယ်လို့ရတယ်။ သတိထားမိသလောက် Recruiter အများစုက အဲဒါတွေကို သဘောကျကြတယ်။

10. Other Info

  • တစ်ချို့ကုမ္ပဏီတွေက သူတို့မြင်ချင်တဲ့ အချက်အလက်တွေ (expected salary, notice period, need visa sponsorship) စသည်ကို job description အောက်ဆုံးမှာ ပြောထားတက်တယ်။
  • သူတို့ဘက်ကတောင်းဆိုတဲ့ဟာတွေအပြင် ကိုယ့်ဘက်က သူတို့သိသင့်တယ်လို့ ယူဆတဲ့အချက်အလက်တွေ အကုန်လုံးကို ဒီမှာလာထည့်။ တစ်ခုရှိတာ “Hobbies => Reading, Swimming” လိုဟာမျိုးတွေတော့ မထည့်နဲ့ပေါ့။

Outro

CV template ကတော့ ရိုးရှင်းတာ အကောင်းဆုံးပဲ။ အဖြူရောင်နောက်ခံမှာ Section တွေခွဲပြီး စာလုံးအမဲတွေနဲ့ ရေးထားတာတွေက ဖတ်ရလွယ်တဲ့အပြင် CV Parser တွေသုံးခဲ့လို့ရှိရင် အထဲက data အကုန်ယူလို့လွယ်တယ်။ ပြီးတော့ အရောင်အဆင်း ဒီဇိုင်းကာလာအစုံအလင်နဲ့ template တွေက အမြင်လှပေမယ့် print ထုတ်တဲ့အခါ မဲတူးပြီး ထွက်လာတာကို သတိပြုဖို့ပါ။

Sign up to discover human stories that deepen your understanding of the world.

Free

Distraction-free reading. No ads.

Organize your knowledge with lists and highlights.

Tell your story. Find your audience.

Membership

Read member-only stories

Support writers you read most

Earn money for your writing

Listen to audio narrations

Read offline with the Medium app

Myo Win Thein
Myo Win Thein

Written by Myo Win Thein

A developer sharing experiences with the world, one byte at a time.

No responses yet

Write a response