Laravel Certificate ယူကြရာဝယ်

My experience of taking the Laravel exam: Insights, challenges, and lessons learned.Purchasing Exam Voucher

Myo Win Thein
2 min readJul 13, 2021

Purchasing Exam Voucher

ပုံမှန်စျေးက €249 ရှိတယ်၊ ဒါပေမယ့် နိုင်ငံအပေါ်မူတည်ပြီး စျေးကွာတယ်။ မြန်မာပြည်က “Economy Tier C” ထဲပါနေလို့ €99 ပဲကျမယ့် Exam Discount လျှောက်လို့ရတယ်။ စောနက link ကို နှိပ်ပြီး ဘာညာဖြည့်လိုက်ရင် ၅မိနစ်လောက်ဆို discount code ကို email ပို့ပြီ။ တစ်ခုရှိတာက ဒီနိုင်ငံက credit card တွေပဲသုံးပြီး ဝယ်လို့ရတယ်။

Redeeming Exam Voucher

ဝယ်ပြီးမိနစ်ပိုင်းလောက်ဆို email တစ်စောင်ရောက်လာမယ်။ အဲဒိမှာပါတဲ့ link ကိုနှိပ်ရင်တော့ exam invitation လုပ်တဲ့ email တစ်စောင်ထပ်ပို့လိမ့်မယ်။ Invitation ရပြီး ၃လအတွင်း မဖြေရင် voucher expire ဖြစ်တယ်။

Just a random image generated with stable diffusion AI

Configuration for the Exam

Exam invitation email မှာက link ၂ခုပါတယ်။ ပထမ link က online proctor software ကို ကိုယ့်စက်မှာ သွင်းခိုင်းတာ။ ပြီးရင် Mic စမ်းဖို့ အော်ခိုင်းမယ်၊ web cam ဖွင့်ခိုင်းမယ်၊ sound တစ်ခုဖွင့်ပြပြီး ကြားရလားမေးမယ်။ အဆင့်ဆင့် pass ဖြစ်ရင် နောက်ဆုံး chrome extension တစ်ခုသွင်းခိုင်းပြီး web cam နဲ့ screen share permission ပေးခိုင်းမယ်။ အဓိကတော့ exam ဖြေနေတုန်း cheat လုပ်လား စစ်ဆေးတာပါပဲ။

Taking the Exam

ဒုတိယ link နှိပ်ရင် exam tab ပွင့်လာမယ်။ Multiple choice မေးခွန်း ၄၅ ခုကို မိနစ် ၅၀ အတွင်းဖြေရမယ်။ Exam စည်းကမ်းက တစ်ခြား browser tab & application တွေမဖွင့်ရဘူး၊ အခန်းထဲမှာ တစ်ယောက်တည်းဖြစ်ရမယ်၊ earphone မတပ်ရဘူး၊ စာအုပ်တွေထဲက မကူးချရဘူး။

မေးခွန်းဘယ်လောက်မှန်မှ certificate ရတယ်ဆိုတဲ့ criteria တွေတော့ မတွေ့မိဘူး။ Exam result က နောက်ထပ် ၄၊ ၅ နာရီလောက်ဆို ရပြီ။ ကျခဲ့ရင် နောက်၃လအတွင်း ၁ကြိမ် ပြန်ဖြေခွင့်ရှိတယ်။

Exam Questions

Laravel ကို daily သုံးပြီး တစ်နှစ်လောက်ရေးဖူးရင်ကို ဖြေနိုင်မယ်လို့ မြင်တာပဲ။ လုပ်ငန်းခွင်မှာ သုံးနေကြ လက်တွေ့ဆန်တာလေးတွေပဲ မေးတာ။ Architecture ပိုင်း အခက်ကြီးတွေ မမေးဘူး။ ဒါလေး execute လိုက်ရင် ဘာ result ထွက်မလဲ၊ ဒီ code လေးကို အောက်က ဘယ်စာသားက ကိုယ်စားပြုလဲ၊ ဒါကဘယ်လို အလုပ်လုပ်တာလဲ စသည်ပေါ့၊​ လွယ်ပါတယ်။

Certificate ကိုတော့ PDF နဲ့ ပို့ပေးတယ်။ နောက် ဒီနေရာ မှာ ကိုယ့်နာမည်နဲ့ အောင်တဲ့နေ့စွဲထည့်ပြီး certificate မှန်လား သွားစစ်လို့ရတယ်။ PDF certificate က ဒီဇိုင်းမဆိုးပေးမယ့် website မှာပြတဲ့ဟာတော့ အင်မတန်စုတ်ပဲ့တယ်လို့ မြင်တာပဲ။

Sign up to discover human stories that deepen your understanding of the world.

Free

Distraction-free reading. No ads.

Organize your knowledge with lists and highlights.

Tell your story. Find your audience.

Membership

Read member-only stories

Support writers you read most

Earn money for your writing

Listen to audio narrations

Read offline with the Medium app

--

--

Myo Win Thein
Myo Win Thein

Written by Myo Win Thein

A developer sharing experiences with the world, one byte at a time.

No responses yet

Write a response