Macintosh သို့ ပြောင်းရွှေ့ခြင်း

Why I migrated back to macOS from Linux: Exploring the reasons behind my switch.

Myo Win Thein
3 min readJun 8, 2022

နိဒါန်း

Linux တွေ macOS တွေ လျှောက်ရေးနေပေမယ့် တကယ်တမ်း ဘဝမှာ ဆယ်စုနှစ် ၁ခုကျော်လောက် စွဲစွဲလမ်းလမ်းသုံးဖူးတာ Windows OS တွေပါ။ Windows 98, XP, Vista, 7 & 8 အထိ Microsoft hardcore fan အနေနဲ့ နေခဲ့တာပဲ။ ကြိုက်လွန်းလို့ကို .NET developer အနေနဲ့ career စခဲ့တာပဲ။

နောက်ပိုင်း nexlabs ရောက်တော့ dev team တစ်ခုလုံး Ubuntu, Fedora တွေသုံးနေတော့ ရှက်သလိုဖြစ်လာတာနဲ့ လိုက်သုံးရင်း Linux Distros တွေကို စကြိုက်သွားတာပဲ။ အဲဒိတော့မှ dev တွေ ဘာလို့ Microsoft ကို လှောင်ကြလဲ သဘောပေါက်တော့တယ်။

Me finally getting the Microsoft jokes…

Moving into Linux :: Ubuntu

OS ကလိတာတွေ အချိန်မပေးချင်လို့ စိတ်ရှုပ်သက်သာပြီး နားအေးတဲ့ Ubuntu ကိုပဲ ရွေးခဲ့တယ်။ သုံးခဲ့သမျှကာလတစ်လျှောက်လုံး Windows နဲ့ ဘာမှမဆိုင်အောင် တကယ့်ကိုစိတ်ချမ်းသာရတယ်။ ကြားထဲမှာ iOS App တွေ ရေးမဟဲ့ဆိုပြီး MacBook သုံးဖြစ်ပေမယ့်လည်း နောက််ဆုံးမှာ ThinkPad တစ်လုံးဝယ်ပြီး Linux ဘက်ပဲ ပြန်လာဖြစ်တယ်။ ကိုယ့်စိတ်ထဲမှာတော့ ဒီလိုခံစားရလို့ပါ -

  • macOS software တွေက paid များတယ်။ Linux ကျ open-source များတဲ့အပြင် စိတ်ပါရင် project fork ပြီး ကိုယ်တိုင်ဝင်ပြင်လို့ရတယ်
  • Linux က 3rd party hardware choice များပြီး တော်တော်များများနဲ့ compatible ဖြစ်တယ်။ macOS ကျ သူ့ ecosystem ထဲမှာ ပိတ်မိနေတာ
  • iDevices & accessories တွေကို ဈေးမတန်တဆပေးရတယ်လို့မြင်တယ်။ Linux ကျ software အပြင် hardware တွေပါ ဈေးသက်သာတယ်
  • Linux က သုံးရတာ ပေါ့ပေါ့ပါးပါးနဲ့ tweak လုပ်လို့အရမ်းကောင်းတယ်။ အထူးသဖြင့် programming tools တွေဆို သွင်းရတာပိုလွယ်တယ်
  • MacBook လို dongle ခံသုံးစရာမလိုဘူး၊ ကြိုက်တဲ့အပေါက်တန်းထိုးရုံပဲ
  • လူကြားထဲမှာလည်း သူတို့နားမလည်တဲ့ OS တွေသုံးရတာ ကိုယ့်ကိုကိုယ် God လို့ခံစားမိတာပဲ။ ဒါတောင် System76 တို့ Purism တို့ကို service ကိစ္စ အင်တင်တင်ဖြစ်နေလို့ မဝယ်ဖြစ်တာ
I believe GNU/Linux is an accurate term, but very awkward to pronounce in public

But, there’re some issues…

Linux based distros (Ubuntu, Fedora, CentOS, Manjero သုံးဖူး) တွေကို တကယ်ကြိုက်တယ်၊ ဒါပေမယ့် primary OS choice ပေးလို့ မဖြစ်တဲ့ အခြေအနေတွေဖြစ်လာတယ်။ အဓိက က React Native နဲ့ iOS app တွေထုတ်ဖို့ဖြစ်လာတာ။ နောက်ထပ် အဆင်မပြေတာတွေလည်းရှိတယ် -

  • မတော်တဆ shutdown ကျသွားရင် last working state ကို save မပေးဘူး (Linux မှာ hibernate ရှိပေမယ့် သိပ်အဆင်မပြေဘူး)
  • Apple devices တွေက ဝယ်ဈေးမြင့်ပေမယ့် ပြန်ရောင်းဈေးလည်းမြင့်တယ်၊ အခုက ကိုယ့်စက်ရောင်းချင်တောင် ဝယ်မယ့်ဆိုင်ရှားတယ်၊ ဈေးလည်းမရဘူး
  • Apple က sale, service နဲ့ accessories shop တွေ များပြားချက်။ ခု ThinkPad ကို cover လေးတပ်ချင်တာ Ali Express မှာတောင် ရှာမရဘူး
  • ThinkPad ကို most Linux compatible laptop တွေထဲ reliability အမြင့်ဆုံးဆိုပြီး ဝယ်ခဲ့တာ တကယ်သုံးကြည့်တော့ built-quality crap ဖြစ်တယ်။ ဝယ်ပြီး ၆လလောက်နဲ့ shift key ကြွသွားတယ်၊ ခု touchpad buttons တွေ ချောင်နေပြီ။ WFH ကာလ အိမ်မှာပဲသုံးတာတောင် body တွေဆေးကွာပြီး ဓါတ်လိုက်တယ်။ Lid ကိုပိတ်လိုက်ရင် ပြားကပ်မနေဘူး၊ ဘယ်ထောင့်မှာ ဟနေတယ်။ ဒါတောင်ပျော့စိဖတ်နေတဲ့ L, E, Yoga, ThinkBook series မဟုတ်ဘူး၊ T series ဝယ်ခဲ့တာပါ
  • စက်တစ်ခုခုပျက်ရင် official distributor ဖြစ်တဲ့ KMD မှာ အပိုပစ္စည်းမရှိ၊ မပြင်တက်ဘူးဆိုရင် လနဲ့ချီပြီး shipping လုပ်တဲ့ဒဏ်တွေ ခံရမယ်။ ကိုယ့်မှာ စက်အပိုမရှိဘူးဆို သေပေတော့ပဲ

ပြီးတော့ Sketch နဲ့ Loom လို ရုံးမှာသုံးပြီး Linux မှာ သွင်းမရတဲ့ app တွေရှိတာ။ Zoom meeting တွေဆို virtual background နဲ့ noise cancellation ညံ့တာ၊ webcam မကြည်လို့ device ထပ်ဝယ်ရတာ၊ built-in mic/speaker တွေ အားကိုးမရတာစတဲ့ ကိုယ့်အလုပ်နဲ့ အဆင်မပြေတာတွေ ဖြစ်လာတယ်။

le me realizing it’s time to say goodbye to my favourite OS

Back to Apple Ecosystem

အဲဒိအချိန်မှာပဲ Apple က M1 chip တွေ စမိတ်ဆက်တယ်။ ဆယ်စုနှစ် ၁ခုအကြာမှာ iMac ကို redesigned ပြန်လုပ်တယ်။ MacBook ကို butterfly keyboard ဖြုတ်ပြီး ports အစုံပြန်တပ်ပေးတယ် (MagSafe charger ပြန်သုံးတာကို ရေလည်ကျေးဇူးတင်တယ်)။ Battery life 1.5x လောက် တက်သွားတယ် စသည် ရွစိထနေတော့ ကွက်တိပဲဖြစ်သွားတယ်။

ပြီးတော့ Apple အနေနဲ့ တစ်ချိန်မှာ Swift ကို hybrid development ပုံစံသွားမယ် မျှော်လင့်တာပဲ။​ Apple platforms ပေါင်းစုံ (iOS, iPadOS, tvOS, watchOS, macOS) အတွက် UI Component တစ်ခုစီ ထုတ်ပြီး Swift နဲ့ core function ပိုင်းကိုပြန်ချိတ်တာမျိုး။​

နောက်ပိုင်း AMD ပါ ditch လုပ်ပြီး graphic card အထိပါ ကိုယ်တိုင်ထုတ်မယ်လို့ ထင်တယ်။ စကားမစပ် M1 integrated graphic နဲ့ Dota2 စမ်းကြည့်တာ Intel based တွေထက် သိသိသာသာကို ပိုကောင်းတယ်။ MacBook ရဲ့ နာမည်ကြီး heating issue ကတော့ လုံးဝပျောက်သွားတာပဲ။

Linux distro တွေက တကယ်ကောင်းပါတယ်။ ဒါပေမယ့် full stack business app developer အနေနဲ့ projects ပေါင်းစုံရေးပြီဆို သိပ်အဆင်မပြေဘူး။ အထူးသဖြင့် contract based နဲ့ remote လုပ်နေတဲ့ ကိုယ်လိုလူအတွက်တော့ အလုပ်ကို ဘယ်နည်းနဲ့မှ အထိခိုက်မခံချင်လို့ Apple Ecosystem ထဲကိုပဲ ပြန်ဝင်ခဲ့ပါတယ်။

One of the legendary Apple meme…

Sign up to discover human stories that deepen your understanding of the world.

Free

Distraction-free reading. No ads.

Organize your knowledge with lists and highlights.

Tell your story. Find your audience.

Membership

Read member-only stories

Support writers you read most

Earn money for your writing

Listen to audio narrations

Read offline with the Medium app

--

--

Myo Win Thein
Myo Win Thein

Written by Myo Win Thein

A developer sharing experiences with the world, one byte at a time.

No responses yet

Write a response