ဖြေခဲ့သမျှ အလုပ်အင်တာဗျူးများ — ၁

Decoding the Company Identity: Gaining Insights from Developer Job Posts

Myo Win Thein
2 min readSep 16, 2018

နိဒါန်း

Developer သက်တမ်း ၅နှစ်အတွင်းမှာ interview တွေအများကြီးဖြေခဲ့ဖူးတယ်။ First job ရဖို့ကို ဖြေခဲ့ရတဲ့ interview တွေချည်း ၁၅ခုကျော်တယ်။ Tell me about yourself တို့၊ plz demostrate ur projects တို့ဆိုတာ မဖြေချင်မှအဆုံး၊ မေးတဲ့သူကိုပါ ထရိုက်ချင်လောက်အောင်ကို ဖြေခဲ့ရတဲ့ဟာတွေ။

ဆိုတော့ကာ ဆရာကြီးတော့မဟုတ်ပေမယ့် interviewer ရဲ့လေသံနားထောင်တာနဲ့ အဲကုမ္ပဏီဘယ်လိုမျိုးလဲဆိုတာ တော်တော်လေးဖမ်းတက်နေပြီ။ ထပ်အမွန်းတင်ရရင် interview invite လုပ်တဲ့ပုံစံ၊ email reply ပြန်တဲ့ပုံစံတွေမှာလည်း အဲဒိကုမ္ပဏီ culture ကိုဖမ်းလို့ရတဲ့ spot တွေအများကြီးပါတယ်။ သိထားသလောက်လေး ဆရာလုပ်ပါရစေ။

ပထမဆုံး interview invitation ဘယ်လိုလုပ်လည်းကြည့်

Phone or Email
Software company စစ်စစ်တွေဆို email နဲ့ reply ပြန်တာများတယ်။ ဖုန်းနဲ့ကများသောအားဖြင့် IT industry မဟုတ်တဲ့ ဟာတွေ၊ software company ဖြစ်သော်ငြား tech team လွှမ်းမိုးမှုနည်းတဲ့ ဟာတွေဖြစ်တက်တယ်။

Interview Time
မင်း ဘယ်နေ့ဘယ်အချိန် ငါတို့ဆီလာခဲ့ဆိုရင် Company က ပါဝါအပြည့်ကိုင်ထားမယ့်သဘောမှာရှိတယ်။ တကယ်လိုများပေါ့၊ ငါတို့ဘက်က ဒီ time-slots တွေအဆင်ပြေတယ်၊ မင်းဘယ်ဟာနဲ့အိုကေလဲတို့ ဒါမှမဟုတ် ဒီတစ်ပတ်ထဲ မင်းဘယ်အချိန်အားလဲပြောပါတို့ဆိုရင်တော့ +1 သာပေးလိုက်ပါ။ flat culture or employee flexibility ရှိတဲ့ company မျိုးမှာတွေ့ရတက်တယ်။

Past Projects
အရင်လုပ်ခဲ့တဲ့ project တွေယူလာဖို့ သေချာ point out လုပ်ထားတယ်ဆိုရင်တော့ သေချာပြီ။ ကိုယ့်ကို interview မှာက senior or lead level တွေ။ ပေါက်ကရ Q&A တွေ၊ live code test တွေ မဖြေခိုင်း၊ မရေးခိုင်းဘူး။ Presentation မှာ အသေနယ်လိမ့်မယ်။ များသောအားဖြင့် 2nd interview မရှိတက်ဘူး၊ ကြိုက်ရင် လစာမေးပြီး offer letter ပို့တယ်။ လက်တွေ့အကျဆုံးနဲ့ အကောင်းဆုံး interviewer တွေပဲ။

Additional Documents
CV ကို print ထုတ်ပြီးယူလာပါတို့၊ certificate တွေ၊ ဘာညာထောက်ခံစာတွေ သယ်လာပါဆိုရင်တော့ သွားကိုဖြေမနေနဲ့တော့။ LinkedIn ကို CV လိုသုံးနေတဲ့ ခေတ်ကြီးမှာ သူတို့က အရမ်းခေတ်နောက်ကျနေပြီ။ အလုပ်တွဲလုပ်ဖြစ်ရင် ကိုယ်ပါ IQ အတောင့်လိုက်ကျနိုင်တယ်။

အလုပ်ရှာ websites တွေမှာ ဘာတွေရေးထားလဲကြည့်

အစုံသုတ် JD
စနစ်ကျတဲ့ company ကြီးတွေက များသောအားဖြင့် position တစ်ခုချင်းစီ အတွက်ပဲလူရှာတယ်။ ဒါဆိုဒါပဲလုပ်ခိုင်းတယ်။ JD မှာ နေရာစုံဝင်လုပ်ဖို့ ရေးထားရင်တော့ လူနည်းနည်းလေးနဲ့ တန်အောင်ခိုင်းမယ့်သဘောရှိတယ်။ လုပ်ချင်ရင်တော့ expected salary ကိုတိုးတောင်း၊ ရေရှည်မှာလျှာထွက်တာကို ကာမိအောင်။

Salary Info
Salary ပြထားတဲ့ company မှာက ၂မျိုးရှိတယ်။ range နဲ့ပြတာရယ်၊ Up to ဘယ်လောက်ဆိုတာရယ်။ ဘယ်လိုပဲပြပြ ကိုယ်လိုချင်တဲ့လစာနဲ့ သူတို့ အများဆုံးပေးတဲ့ဟာနဲ့ သိပ်မကွာတာ၊ ပိုနည်းနေတာမျိုး ကိုရှောင်။ ဂိတ်ဆုံးနေပြီမို့ ရေရှည်မှာသိပ်မတိုးပေးတော့ဘူး။ Salary ကို negotiation ပြထားရင်တော့ စဉ်းစားရကျပ်ပြီ။ အသိတွေပဲလိုက်စပ်စုရမှာပဲ။

Family Type
Small to mid size business တွေ ဖြစ်လိမ့်မယ်။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာတွေ ရောထွေးနေတက်တယ်။ လုပ်ငန်းခွင်စည်းကမ်းတွေရှိပေမယ့် သိပ်မသက်ရောက်ဘူး၊ company & employee နှစ်ဖက်လုံးက လုပ်ချင်ရာလုပ်တက်တယ်။ ဆိုလိုတာက ခင်တာကိုအကြာင်းပြုပြီး အလုပ်ချိန်ပြင်ပခိုင်းတာတို့၊ ကိုယ့်ဘက်ကလည်း deadline ကိစ္စကို ခပ်ပေါ့ပေါ့ထားမိတာတို့ စသည်။

ကိုယ်က လုပ်ငန်းအတွေ့အကြုံ၊ ရာထူး/လစာတိုး or startups လည်ပတ်ပုံ သိချင်တဲ့သူဆိုရင်တော့ အဆင်ပြေလိမ့်မယ်။ Enterprise တွေထက် chaos ဖြစ်သလို ကိုယ်ကြိုးစားသမျှလည်း လူသိတယ်၊ အတွေ့အကြုံများများစားစားရပြီး procedures ပေါင်းစုံလည်း လေ့လာလို့ကောင်းတယ်။

Job Portal

Local job portal ပေါင်း သောင်းခြောက်ထောင်မှာ လက်ရှိပေါက်နေတာက MyanmarDevJobs နဲ့ Jobnet။ DevJobs က ဟာတွေက များသောအားဖြင့် လစာနည်းတယ်၊ startups တွေများတယ်။ JobNet မှာတော့ ကုမ္ပဏီအကြီးတွေ ပိုများတယ်။ LinkedIn မှာလည်း တစ်ချို့တွေ ခေါ်ကြတယ်၊ ဒါပေမယ့် job posting feature သုံးပြီး ခေါ်တာထက် HR ရဲ့ personal account မှာပဲ “We’re hiring…” ဘာညာဆိုပြီး တင်ကြတာများတယ် (ပိုက်ဆံကုန်မှာစိုးလို့ ထင်ပါရဲ့)။ Software company တွေက HR တွေသာလိုက် add ထားပေတော့။

Employment Agency

Agency တွေကတော့ ကိုယ်ကသွားမပတ်သတ်တောင် ရှောင်လွဲလို့တော့မရဘူး။ Job Portal တွေမှာလည်း သူတို့ရှိတယ်၊ တစ်ချို့ဆို ကိုယ်ပိုင် portal ပါထောင်ထားတယ်။ LinkedIn လိုနေရာမျိုးမှာဆို candidate hunting အပိုင်းမှာ သူတို့တွေ အရမ်း active ဖြစ်ကြတယ်။ ကိုယ့်အတွေ့အကြုံအရတော့ ဒီနေရာမှာက အကောင်းအဆိုးနှစ်မျိုးရှိတယ်။

Pros
တစ်ချို့ Company တွေက လူရှာတဲ့အပိုင်းကို ကိုယ်တိုင်မကိုင်ဘူး၊ အထူးသဖြင့် overseas ကလာတဲ့ company မျိုးတွေ၊ ဆိုတော့ agency တွေက လွဲလို့ ဘယ်သူမှ မသိတဲ့ ကွက်ပျောက် position တွေရှိတယ်။ အဲတာမျိုးနဲ့တိုးရင် လူနည်းနည်းလေးကိုမှ ပြန်ရွေးတာဆိုတော့ interview ရဖို့ chance ပိုများတယ်။ တစ်ချို့ position အကြီးတွေဆိုလည်း agency နဲ့ပဲ အပ်ကြတာမျိုး သတိထားမိတယ်။ အဲလို hidden treasure လေးတွေက မက်စရာပဲ။

Cons
တစ်ချို့ကျတော့ သွားပတ်သတ်မိရင် တောက်လျှောက် annoy ခံရတာမျိုးရှိတယ်။ ဥပမာ ကိုယ့်ဆီ ၃လတစ်ခါလောက် ဖုန်းဆက်ပြီး information တွေ နှိုက်တာမျိုး။ (နာမည်ကြီး Agency တစ်ခုကိုဆိုရင် Recruitment ဘန်းပြပြီး Market Research လုပ်နေသလားလို့တောင် သံသယဖြစ်မိတယ်)။ ပြီးတော့ Job Portal တွေမှာ market ပေါက်ဈေးထက် ပိုများတဲ့ လစာတွေတင်ပြီး candidate များများရအောင် လုပ်တာမျိုးတွေလည်းရှိတက်တယ်။ သွားလျှောက်မိလည်း အရှုံးမရှိဘူးမထင်နဲ့၊ ကိုယ့် data တွေပါသွားတယ်။

နောက်ဆုံးပြောချင်တာက မလိုချင်လဲ ပတ်သတ်ရမှာပဲ၊ ဒါပေမယ့် ကိုယ့်နဲ့ ကိုယ့်ကုမ္ပဏီရဲ့ တန်ဖိုးကြီးတဲ့ information တွေ မပါသွားအောင်တော့ ဂရုစိုက်ကြပါ။

အပိုင်း (၂) မှာတော့ interview process တွေ အကြောင်းရေးထားပါတယ်။

--

--

Myo Win Thein

A developer sharing experiences with the world, one byte at a time.