Local Companies

သူတို့ process ကတော့ အရမ်းရှင်းတယ်။ Email or phone နဲ့ ဆက်သွယ်မယ်၊ အချိန်ညှိမယ်။ ကုမ္ပဏီအများစုက 1st round နဲ့တင်ကိစ္စပြတ်တယ်။ Enterprise တွေဆို 2nd or 3rd round အထိ ချိန်းတက်တယ်။ Round ပြောင်းတိုင်း ပိုရာထူးကြီးတဲ့ သူနဲ့တွေ့ရတာမျိုး။ တစ်ချို့ကျ 1st round ပြီးရင် code test လေးထည့်တက်တယ်၊ ရှားပါတယ်။

An illustration of developer interviews by stable diffusion

Overseas Companies

သူတို့ကတော့ စနစ်ပိုကျတယ်။ Initial 30 min call အရင်ချိန်းတယ်၊ အဲမှာတွေ့ရမှာက recruiter ပဲ။ Personality နဲ့ technical ကို general questions လေးတွေ မေးတယ်။ ကုမ္ပဏီနဲ့သင့်တော်မယ်လို့ယူဆရင် next round ကို pass ပေးတယ်။

နောက်တစ်ခေါက်ကျ hiring manger ဆိုတာလာမယ်၊ recruiter နဲ့ အပေါ်ယံပြောခဲ့သမျှကို သူကအသေးစိပ်လိုက်မေးလိမ့်မယ်။ အဲမှာ code test ရှိတက်တယ်၊ interview ပြီးမှ ဖြေခိုင်းတာများတယ်။ တစ်ချို့လည်း live စစ်တက်တယ်။

Next round ကျ tech team က လူတွေလာမယ်။ Technical ပိုင်းတွေ နှိုက်နှိုက်ချွှတ်ချွှတ်မေးလိမ့်မယ်။ များသောအားဖြင့် ကိုယ့်ကိုစကားစဖော်ပေးတယ်၊ ကိုယ်ပြောတဲ့ဟာတွေကိုမှ လိုက်ဖိပြီး ပြန်မေးတက်တယ်။ ဘာလို့ဒီလိုလုပ်လဲ၊ ဟိုလိုလုပ်ကြည့်ရင် ဘာဖြစ်မယ်ထင်လဲ၊ ဘာကွာမလဲ စသည် ချွေးပြန်အောင်ဖြေရမယ်။ ပြီးတော့ သူတို့နဲ့ အလုပ်တွဲလုပ်လို့ အဆင်ပြေမလားဆိုတဲ့ culture fit ပါ တစ်ခါတည်းကြည့်တယ်။

အဲဒါတွေအားလုံးကျော်ရင်တော့ visa sponsorship, relocation assists, salary negotiation ကိစ္စတွေအတွက် HR နဲ့ တွေ့ရမယ်။ ဒီ round ကိုရောက်ရင်တော့ သူတို့ဘက်က offer မယ်ဆုံးဖြတ်ပြီးပြီလို့ တွေးလို့ရတယ်။ ဒါပေမယ့် အကြောင်းကြောင်းနဲ့ ပျက်နိုင်ခြေများသေးလို့ offer letter ရောက်မလာမချင်း စိတ်ဒုံးဒုံးချလို့တော့ မရသေးဘူး။

ကုမ္ပဏီတစ်ခုနဲ့တစ်ခု process တော့ နည်းနည်းကွဲတယ်။ တစ်ချို့ကျလည်း initial call အဆင့်ဖြုတ်ပြီး HackerRank နဲ့ Codility အရင်ဖြေခိုင်းတယ်။ တစ်ချို့ကျ initial call တောင်မလာပဲ ရော့အင့်ဆိုပြီး code test တန်းထိုးပေးတယ်။ တစ်ခုတောင်းဆိုချင်တာက အဲလိုမျိုး company နဲ့တွေ့ရင် ကိုယ့်ကိုကိုယ်ရော industry ကိုပါ လေးစားတဲ့အနေနဲ့ မဖြေကျပါနဲ့။ ကိုယ့်အတွက် 30 mins initial call တောင် အချိန်မပေးတဲ့သူတွေအတွက် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို မဖြုန်းပစ်နဲ့။

Interview — Initial Call

မြန်မာကုမ္ပဏီတွေက လူရွေးတဲ့အခါ Spiritual ပိုင်းကို အသားပေးကြတယ်လို့ မြင်မိတယ်။ Spiritual ဆိုတာ candidate က မျက်လုံးလေးအရောင်လဲ့ပြီး passionate ဖြစ်တာ၊ ကိုယ်နဲ့စကားပြောရ အပေါက်အလမ်းတည့်တာ၊ 100% skills match မဟုတ်ပေမယ့် ဒီလူကတစ်ချိန်မှာ ဖြစ်ထွန်းမယ်လို့ gut feeling ရနေတာမျိုး စသည်ပေါ့။ ဘယ်သူမဆို compatibility ကိုကြည့်ပေမယ့် ကိုယ်တွေက အကဲပိုနေတယ်လို့တော့ ထင်မိတယ်။

နိုင်ငံခြားကုမ္ပဏီတွေက စာအုပ်ကြီးအရမ်းဆန်တယ်လို့ မြင်မိတယ်။ Initial call မှာ ကိုယ့် skill sets နဲ့ သူတို့လိုချင်တာ match ဖြစ်လား ဦးစားပေးမေးတက်တယ်။ မေးခွန်းတစ်ခုခုမှာ ကိုယ်က “No” လို့ သွားဖြေမိရင် European companies တွေဆို ချက်ချင်း discontinue လုပ်ပါတယ်။ Asian companies တွေဆို နောက်နေ့မှာ reject ဖြစ်ကြောင်း email ပို့တယ်။ ကိုယ်ဒါကိုလေ့လာရင် ခဏလေးနဲ့ရမှာဖြစ်ကြောင်းပြောလည်း လက်မခံပါဘူး။ သူတို့ဆီလာလျှောက်တဲ့သူများတာရယ်၊ international candidate မို့ သတိထားတာလည်း ပါမှာပေါ့။

Interview — Technical Rounds

ဟိုဘက်က ဘာမေးမယ်ဆိုတာ မသိပေမယ့် ကိုယ့်ဘက်ကကြိုပြင်လို့ရတဲ့ဟာတွေ ရှိတယ်။ Sample ပြမယ့် project တွေ၊ ERD, Swagger နဲ့ wireframe တွေကို စမ်းသပ်ပြီး browser မှာ ကြိုဖွင့်ထားရမယ်။

နောက်အရေးကြီးဆုံးတစ်ချက်က ကိုယ့် weakness ကို ဘယ်တော့မှ မပြပါနဲ့။ ကိုယ်က ERD ဆွဲတာ အားနည်းတယ်ဆိုပါတော့၊ “ငါဒါမျိုးလုပ်နေကြမဟုတ်ဘူး၊ ဒီတိုင်းလေ့လာပြီးဆွဲထားတာ၊ အားနည်းချက်တွေလည်း ရှိမယ်ထင်တယ်” စသည် တစ်သက်လုံးသွားမပြောပါနဲ့။ အင်တာဗျူးတွေမှာ အရမ်းရိုးသားပြလို့ မရပါဘူး။ Drama ဆန်ဆန်ပြောရရင် အမှန်တရားကို လက်မခံနိုင်တဲ့သူတွေမို့ အဖြူရောင်မုသားတွေ သုံးပေးရပါတယ်။ အလုပ်မရခင် confidence တင်ပြီးသာ ဝင်အောင်လုပ်ပါ၊ တကယ့်လုပ်ငန်းခွင်က interview လောက် aggressive မဖြစ်ပါဘူး။

ပြီးတော့ တစ်ခြားအကြောင်းအရာတစ်ခုကို မကောင်းပြောတာမျိုး မလုပ်ပါနဲ့။ ကိုယ့်လက်ရှိကုမ္ပဏီမှာ အဆင်မပြေတာတွေ၊ ကိုယ့်နိုင်ငံကလူနေမှုကို မကြိုက်တာတွေ စသည် သူတို့ကမေးရင်တောင် ဘယ်တော့မှသွားမပြောပါနဲ့။ အထူးသဖြင့် positive vibes တွေနဲ့ နေကြတဲ့ ocenian or european countries တွေဆို interviewer တွေ မျက်နှာပါပျက်သွားတာ သတိထားမိပါတယ်။

“What do u know about our company?” ဆိုတဲဲ့ မေးခွန်းမျိုးတွေကိုတော့ western companies တွေ မေးတက်လို့ ကြိုလေ့လာထားဖို့ လိုပါလိမ့်မယ်။ ဒီမှာ ဘာလို့လုပ်ချင်တာလည်းဆိုတာလည်း အမြဲမေးတယ်။

ဆောင်ရန် ရှောင်ရန်များ

Foreign company တွေက interview ချိန်းရင် Calendly လို time-slot booking system တွေသုံးတယ်။ အဲမှာကိုယ့် timezone ကို သေချာရွေးပြီး book လုပ်ဖို့ပဲ။ Email မှာပဲ manual ချိန်းခဲ့ရင်တော့ ဒီလို Converter တွေသုံးပြီး Timezone နှစ်ခု ယှဥ်ကြည့်လို့ရတယ်။

Interview မစခင် အသိတစ်ယောက်ကိုခေါ်ပြီး audio, webcam, mic တွေ စမ်းထားသင့်ပါတယ်။ Ubuntu မှာဆို headphone နဲ့ Bluetooth ချိတ်သုံးရင် sound configuration မှာ “high fidelity playback” ရွေးမိရင် background noise တွေထွက်တယ်။ “headset head unit” ကိုရွေးမှ အသံကြည်တာမျိုးတွေရှိတယ်။ ပြီးတော့ audio device တစ်ခု backup ဆောင်ထားရင် ပိုကောင်းပါတယ်။

Interviewer က video ဖွင့်ရင် ကိုယ်လည်းလိုက်ဖွင့်ပါ။ သူပိတ်ထားရင်တော့ ကိုယ့်သဘောပါ။

နိဂုံးချုပ်

Recruitment ဆိုတာ တကယ်တော့ ဘောင်တစ်ခုပါ။ အတော်ဆုံး developer က အလုပ်ရတာမဟုတ်ပဲ ဘောင်အဝင်ဆုံး developer က အလုပ်ရတာပါ။ ပြီးတော့ perfect ဖြစ်တဲ့ recruitment process ဆိုတာလည်း မရှိဘူး၊ အားလုံးက flaws ကိုယ်စီနဲ့ပါ။

တစ်ခါတုန်းက JS programs ၈ခု လက်တန်းမေးတာမှာ ၆ခုအထိဖြေနိုင်ပြီး ၂ခုမှာ ကိုယ်မသိတဲ့ function တွေပါလာတာ မင်း ES6 မရသေးဘူးဆိုပြီး ချက်ချင်း reject ပါတယ်။ တကယ့်လုပ်ငန်းခွင်မှာဆို ခဏလောက် စာဖတ်လိုက်ရင် ပြီးတဲ့ကိစ္စလေးပါ။

အဓိကတော့ အလုပ်လျှောက်ရင် JD ကို သေချာဖတ်ပါ။ ဖြစ်နိုင်ရင် skills match % များတဲ့ ကုမ္ပဏီတွေကိုပဲ လျှောက်ပါ။ ကိုယ့် resume ကြီးက အရမ်းကောင်းနေလို့ interview ခေါ်ရင်တောင် initial call မှာတင် reject မိပါတယ်။ Foreign companies တွေက local တွေလိုမျိုး candidate ကို အခွင့်အရေးမပေးပါဘူး။

အပိုင်း (၃) မှာတော့ ပေါက်ကရ interview process တွေအကြောင်းကို ရေးမှာပါ။

--

--

Myo Win Thein

A developer sharing experiences with the world, one byte at a time.